Critical Thinking အတွက် လမ်းညွန်းများ
Thinking about Thought — အတွေးတွေးခြင်း
မင်းအခြေအနေကို စစ်ဆေးကြည့်ရအောင်။
- မင်းက ပြဿနာတွေကို ဖြေရှင်းတတ်သူလား?
- မင်းသူငယ်ချင်းတွေက မင်းကို ဖန်တီးမှုအားကောင်းတယ်လို ထင်လား?
- မင်းဆုံဖြတ်ချက်ချတဲ့နေရာမှာ တော်လား?
- မင်းဆုံးဖြတ်ချက်ချခဲ့တဲ့အရာတွေက မှန်ကန်ခဲ့လား?
- မင်းဘာပြောပြော မပြောခင် အရင်ဆုံးစဥ်စားတာလား?
- ငြင်းခုံဆွေးနွေးရတာ မင်းကြိုက်လား?
- မင်းမှာ စိတ်ဝင်စားတဲ့ အနုပညာရှိလား၊ လုပ်ဖြစ်လား? ဂီတ၊ ပန်းချီ၊ သရုပ်ဆောင်?
- မင်လက်မခံတဲ့ သူများရဲ့ ရူ့ထောင့်နားထောင်ရတာ စိတ်ရှုပ်လား?
- မင်း အင်တာနက်ပေါ်က တီဗီပေါ်က သတင်းတွေ အချက်အလက်တွေ ပြောတဲ့ အခါ မင်းမေးခွန်းထုတ်လား?
- မင်းနာမလည်တဲ့အခါ မေးခွန်းမေးဖို့ တွန့်ဆုတ်နေသလား?
- မင်း ဆုံးဖြတ်ချက်ချတဲ့အခါမှာ မြန်မြန်ဆန်ဆန် ဆုံဖြတ်ဖို့ လွယ်ကူလား?
မင်းကိုမင်း အတွေးအခေါ် ဘယ်လောက်ကောင်းတယ်လို့ထင်လဲ?
[၁] [၂] [၃] [၄] [၅] [၆] [၇] [၈] [၉] [၁၀]
အောက်မှာ ဖတ်ကြည့်။ မင်းဘယ်အပိုင်းမှာ တိုးတက်အောင်လုပ်နိုင်မလဲ?
- ဗဟုသုတကို အသုံးချမယ်
- ဗဟုသုတကို ခွဲခြားစိတ်ဖြာ သုံးသပ်မယ်
- ဝေဖန်စဥ်စားမယ်
- မေးခွန်းထုတ်မယ်
- သိထားတဲ့အရာတွေကို ပြန်လည် သုံးသပ်မယ်
- အတွေးအသစ် ထုတ်မယ်
- ပြဿနာဖြေရှင်းမယ်
- ဆုံဖြတ်ချက်ချမယ်
- အိုင်ဒီယာထဲ အားနည်းချက်ရှာမယ်
- သုတေသနအတွက် အရင်းအမြစ်ကို ရွေးချယ်မယ်
တွေးနည်းအမျိုးမျိုး
- တွေးနည်းအမျိုးမျိုးရှိတယ်ဆိုတာ မင်းနားလည်ထားပါ
- တွေးနည်းတစ်မျိုးမျိုးစီက စာလေ့လာတဲ့အခါမယ် ဘယ်လိုအသုံးဝင်လဲဆိုတာ ခွဲခြားနိုင်ပါစေ
၁၉၅၀ တုန်းက Benjamin Bloom ဆိုတဲ့အကောင်က အတွေးအခေါ်အရည်အသွေး အမျိုးအစားကို တီတွင်လိုက်တယ်။ Bloom’s taxonomy လို လူသိများတယ်ကွ။ အတွေးအခေါ်အမျိုးအစား (၆)မျိုးရှိတယ်။ သူ့အဆင့်နဲ့ သူ စီထားတယ်။ ရှုပ်ထွေးမှုတွေထဲမှာ ဘာတွေပါလဲဆိုတော့ — ဗဟုသုတ၊ နားလည်မှုစွမ်းရည်၊ အသုံးချတတ်ခြင်း၊ ခွဲခြားစိတ်ဖြားနိုင်မှု၊ ပေါင်းစပ်နိုင်မှု၊ ပြန်လည်သုံးသပ်နိုင်မှုတို့ အပေါ်မူတည်တယ်။
မှတ်မိလား၊ ပြန်သတိရလား? Remembering and recalling?
မင်းသင်ယူထားတဲ့ ဗဟုသုတတွေ အိုင်ဒီယာတွေကို မင်းဦးနှောက်ထဲကနေ မှတ်မိလား၊ ပြန်သတိရလား။ ဒါက အခြေခံကျတဲ့ အတွေးအခေါ်အရည်အသွေးနော်။
မင်း နားလည်လား? Understanding?
ရှုပ်ထွေတဲ့ ရှင်းပြချက်တွေကို ရိုးရှင်းတဲ့ ရှင်းပြချက်အဖြစ် မင်း ဘယ်လို ဘာသာပြန်မလဲ? ရိုးရှင်းတဲ့ အဓိပ္ပာယ်တွေကို မင်းဘယ်လိုပြန်လည်တည်ဆောက်မလဲ? အရေးအသားအနေနဲ၊ စကားပြောအနေနဲ့၊ ပုံတွေ ရုပ်ပုံတွေအနေဖြင့် မင်း ဘယ်လို ရှင်းပြမလဲ။ စာဖတ်တယ်ဆိုတာ မင်းနားလည်နိုင်စွမ်းရည်ကို မြင့်တင့်ပေးတာနော်၊ မူလတန်းစောက်ကလေးဘဝကနေ သင်ယူလာတဲ့အရာ။
အသုံးချလား? Applying?
လေ့သာသင်ယူပြီးသွားတဲ့အရာတွေကို လက်တွေ့အသုံးချလား? အလယ်တန်းမှာတော့ ဒီလိုလုပ်တဲ့အောင် သင်ကြားပေးလေ့ရှိတယ်လို ပြောတာပဲ။
ခွဲခြားစိတ်ဖြာပြီးလေ့လာလား? Analyzing?
မင်းသင်ယူတဲ့ အချက်အလက်တွေ၊ အချက်ခြားကျတဲ့ အတွေးအခေါ်လေးတွေက ဘယ်လို စပ်ဆက်မှုရှိလဲ? ဒီနေရာမှာမင်းဦးနှောက်က စစ်ဆေးတာ၊ ခွဲခြားတာ၊ အမျိုးအစားခွဲတာ၊ စမ်းသပ်တာ၊ ကောက်ချက်ချတာတွေပါတယ်။
ပြန်လည်သုံးသပ်ရဲ့လား? Evaluating
မင်းအသုံးချလိုက်တဲ့ အိုင်ဒီယာ၊ ဗဟုသုတ၊ သတင်းအချက်အလက်တွေကို ပြန်လည် စစ်ဆေး၊ ဆုံးဖြတ်၊ စီရင်၊ ကောက်ချက်ချလား? အသုံးဝင်လား၊ တန်ဖိုးရှိလား၊ ဒီဟာလုပ်နိုင်ဖို့ဆိုတာက လေးလေးနက်နက်တွေးခေါ်နိုင်မှ အဆင်ပြေနိုင်မှာနော်။
ဖန်တီးနိုင်စွမ်းရှိလား? Creating?
မင်းသိတဲ့ တတ်တဲ့အရာအားလုံးကို ပြန်လည် စီရီပြီး ပုံစံအသစ်၊ ထုတ်ကုန်အသစ်ထုတ်လုပ်နိုင်လား? ဒီအပိုင်းကတော့ ဦးနှောက်အစားဆုံးအပိုင်းပေါ့။
1. Remembering / Recalling
2. Understanding
3. Applying
4. Analysing
5. Evaluating
6. Creating
7. Go to 1
အတွေးအခေါ် တြိယာများ
(၁) Remembering and Calling
Bookmark, count, describe, draw, enumerate, find, google, identify, label, list, match, name, quote, recall, recite, search, select, sequence, tell, write
(၂) Understanding
Blog, conclude, describe, discuss, explain, generalize, identify, illustrate, interpret, paraphrase, predict, report, restate, review, summarize, tell, tweet
(၃) Applying
Apply, articulate, change, chart, choose, collect, compute, control, demonstrate, determine, do, download, dramatize, imitate, implement, interview, install (as in software), participate, prepare, produce, provide, report, role-play, run (software), select, share, show, solve, transfer, use
(၄) Analyzing
Analyze, break down, characterize, classify, compare, contrast, debate, deduce, diagram, differentiate, discriminate, distinguish, examine, infer, link, outline, relate, research, reverse-engineer, separate, subdivide, tag
(၅) Evaluating
Appraise, argue, assess, beta test, choose, collaborate, compare, contrast, conclude, critique, criticize, decide, defend, “friend/de-friend,” evaluate, judge, justify, network, post, predict, prioritize, prove, rank, rate, review, select, support
(၆) Creating
Adapt, animate, blog, combine, compose, construct, create, design, develop, devise, film, formulate, integrate, invent, make, model, modify, organize, perform, plan, podcast, produce, program, propose, rearrange, remix, revise, rewrite, structure
ပြဿနာ အရင်းအမြစ်ကို ခွဲခြားစိတ်ဖြား သုံးသပ်ခြင်း Root Cause Analysis
RCA က အောက်က မွေးခွန်းတွေ အဖြေထုတ်ပေးတယ်။
- ဘာပြဿနာရှိနေတာလဲ
- ဘာကြောင့်ဖြစ်တာလဲ
- နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ
ဘာကြောင့်ဖြစ်တာလဲ?
- လူတွေကြောင့်
- အရာဝတ္တုတွေကြောင့်
- အဖွဲအစည်းကြောင့်
အဆင့်(၁) ပြဿနာကို သိခြင်း
- ဘာတွေဖြစ်နေသလဲလို့ မင်းမြင်လဲ?
- တိကျတဲ့ လက္ခဏာတွေက ဘာလဲ?
အဆင့်(၂) အချက်အလက်တွေစုဆောင်ပါ
- ဒီပြဿနာတွေရှိတယ်ဆိုတာ ဘာသက်သေရှိလဲ
- ဘယ်လောက်ကြာပြီးလဲ
- ဒီပြဿနာရဲ့ ထိရောက်မိတာတွေက ဘာတွေရှိမလဲ
ဒီဟာတွေကို စုဆောင်းဖို့ဆိုရင်
- So what? အဲဒီတော့ဘာဖြစ်လဲ ဆက်တိုက်မေးပါ
- Why? ဘာကြောင့်လဲဆိုတာ ဆက်တိုက်မေးပါ
- Drill Down ပြဿနာကြီးရဲ့ အစိတ်အပိုင်းတွေကို ထပ်ဆင့်ခွဲခြားပြီး ပြဿနာအကြီးကို ဖြစ်စေတဲ့ ပြဿနာ အသေးကို ရှာဖွေပါ
- Fish Diagram ကို အသုံးပြုပြီးတော့ Effect (တရားခံ) ကိုရှာပြီး Cause (ဒုက္ခ)ကို ရှာဖွေတာ။
အဆင့်(၃) အဖြစ်နိုင်ဆုံး အကြောင်းရင်း
- နောက်ဆက်တွဲပြဿနာ
- ဘယ်အခြေအနေကြောင့် ပြဿနာဖြစ်တာလဲ
- ဘယ်ပြဿနာနဲ့ အတူရှိနေတာလဲ
အဆင့်(၄) အရင်းအမြစ် ပြဿနာ
- ဘာကြောင့် ပြဿနာဖြစ်တာလဲ
- အဓိက အကြောင်းရင်းက ဘာလဲ
အဆင့်(၅)လမ်းညွန်းချက်နဲ့ နောက်ဆက်တွဲပြဿနာ
- ဒီလို မဖြစ်အောင် ဘယ်လိုတားဆီးနိုင်မလဲ
- ဘယ်လို ဖြေရှင်းမှာလဲ
- ဘယ်အရာက တာဝန်ခံမှာလဲ
- ဒီလို ဖြစ်ရှင်းလို့ ဘာပြဿနာထပ်ဖြစ်နိုင်မလဲ
Starbursting
ကြယ်အပေါ်မှာ မူတည်ပြီးစဥ်စားတာ။ ကြယ်ရဲ့ လက်တံမှာ who, what, why, when, how တွေကို မေးတယ်။
နမူနာအနေနဲ့
ဒီကနေပြီးတော့ Critial Thinking Questions 48 ထုတ်နိုင်ပါတယ်။
THE LADDER OF INFERENCE
ကောက်ချက်ချာတာ။